COVID-19 ရင္ဆိုင္ေနရခ်ိန္ တုပ္ေကြးအႏၲရာယ္ပါ သတိထားဖို႔ ႏိႈးေဆာ္

ဗိုင္းရပ္စ္အႏၱရာယ္ကာကြယ္ဖို႔ ႏွာေခါင္းစည္းနဲ႔ face shield တပ္ထားတဲ့ အမ်ိဳးသမီးတဦးကို ရန္ကုန္ၿမိဳ႕ရွိ ေစ်းတေနရာတြင္ ေတြ႔ရ (ဧၿပီ ၂၁၊ ၂၀၂၀)
(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါကို ထိန္းခ်ဳပ္ကာကြယ္ေနရခ်ိန္မွာပဲ မၾကာခင္မွာ တုပ္ေကြးရာသီေရာက္လာေတာ့မွာျဖစ္လို႔ က်န္းမာေရးေတြ ပိုၿပီး ဂရုစိုက္ၾကဖို႔ က်န္းမာေရးပညာရွင္ေတြကသတိေပးေနတာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

ျပည္တြင္းမွာ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူေတြ တိုးလာေနတာေၾကာင့္ ဒီေရာဂါကိုကာကြယ္ႏုိင္ဖုိ႔အတြက္ ေဆာင္ရန္ေရွာင္ရန္နည္းလမ္းေတြကို လိုက္နာေနရတဲ့အခ်ိန္မွာပဲ မုိးတြင္းကာလအစမွာ ျဖစ္တတ္တဲ့ ရာသီတုပ္ေကြးကိုလည္း အခုကတည္းက ႀကိဳတင္ကာကြယ္ထားဖုိ႔လိုတယ္လို႔ အမ်ိဳးသားအဆင့္ ကာကြယ္ေဆးထိုး စီမံခ်က္ က်န္းမာေရးအၾကံေပးအဖြဲ႕ဝင္ ပါေမာကၡေဒါက္တာေစာဝင္းက သတိေပးထားပါတယ္။

ေဒါက္တာေစာဝင္း။ အခုခ်ိန္မွာေတာ့ ကိုဗစ္ကေတာ္ေတာ္ေလး ထိန္းသိမ္းမႈရသြားရင္ ရာသီတုပ္ေကြးကေတာ့ သူ႔ပံုစံနဲ႔သူ ျဖစ္ႏုိင္တယ္ေပါ့ေနာ္။ ဒီလုိေတာ့ ခန္႔မွန္းရပါတယ္။

စုစု။ ဟုတ္ကဲ့ပါ ဆရာႀကီး။ အဲဒီေတာ့ ဒီကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့ ေဆာင္ရန္ေရွာင္ရန္ေတြကုိ လိုက္နာသလိုမ်ိဳးပဲ။ တခ်ိန္တည္းမွာပဲ လူႀကီးေရာ ကေလးေရာ ဒီရာသီတုပ္ေကြးအတြက္ကိုလည္း ဂရုစုိက္ဖုိ႔လိုတယ္ဆိုတဲ့အခ်ိန္ကို ေရာက္ေနတာေပါ့ေနာ္။

ေဒါက္တာေစာဝင္း။ ဟုတ္ပါတယ္။ ကိုဗစ္လိုပဲ Mask တပ္တာတုိ႔၊ ေခ်ာင္းဆုိးရင္ တစ္ရွဴးနဲ႔ကာၿပီးေတာ့ဆုိးတာ၊ တံေတာင္ဆစ္ေကြးနဲ႔ ကာၿပီးဆုိးတာေတြက ထိေရာက္ပါတယ္။

ရာသီတုပ္ေကြးကူးစက္မႈက အခုျဖစ္ေနတဲ့ ကုိဗစ္ေရာဂါကူးစက္တာနဲ႔ ဆင္တူတာေၾကာင့္ ကိုဗစ္ကာကြယ္တဲ့ နည္းစနစ္ေတြက ရာသီတုပ္ေကြးအတြက္လည္း အသံုးဝင္ေနပါတယ္။ ရာသီတုပ္ေကြးကာကြယ္ေဆးကုိ တႏွစ္တခါ ထုိးေပးလို႔ရၿပီး အခုႏွစ္အတြက္ဆုိ ေမလကစၿပီး ကာကြယ္ေဆးထုိးလို႔ရေနၿပီလို႔ ေဒါက္တာေစာဝင္းက ေျပာပါတယ္။

“ရာသီတုပ္ေကြးကေတာ့ တုပ္ေကြးဗိုင္းရပ္စ္ပုိးေၾကာင့္ျဖစ္ပါတယ္။ အဲေတာ့ေခ်ာင္းဆုိးမယ္၊ ႏွာေစးမယ္ေပါ့ေနာ္။ ၿပီးရင္ ကုိယ္လက္ေတြ ကိုက္ခဲမယ္ဆုိေတာ့ ကိုဗစ္နဲ႔ နည္းနည္းလကၡဏာတူတယ္ေပါ့။ ဒါေပမဲ့ ကိုဗစ္ကေတာ့ ေခ်ာင္းေျခာက္ဆုိးတာ မ်ားတယ္၊ ေခ်ာင္းအစုိ ဆိုးတာနည္းတယ္။ ဒါကေတာ့ မုိးရာသီအခ်ိန္မွာ ေက်ာင္းေတြ ဖြင့္တဲ့အခ်ိန္ေလာက္မွ အျဖစ္မ်ားတယ္။ ကေလးလည္းျဖစ္ႏုိင္တယ္၊ လူႀကီးလည္း ျဖစ္ႏုိင္တယ္ေပါ့ေနာ္။ အဲေတာ့ ဒါနဲ႔လည္း သြားၿပီးေတာ့ေရာသြားႏုိင္တယ္။”

ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၉ ရာသီတုပ္ေကြးကာလတုန္းက ျပည္တြင္းမွာ H1N1 ရာသီတုပ္ေကြးေၾကာင့္ ေသဆံုးသူ ၁၁၈ ဦးအထိ ရွိခဲ့ပါတယ္။ တုပ္ေကြး ကာကြယ္ေဆးကုိ အသက္ႀကီးသူနဲ႔ ေရာဂါအခံရွိသူေတြအေနနဲ႔ အဓိကထားၿပီး ထိုးထားသင့္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက အၾကံျပဳထားပါတယ္။

လူနာေတြကို ထိေတြ႔ကုသေပးေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြမွာပါ ကုိရုိနာဗုိင္းရပ္စ္ကူးစက္မႈေတြ ရွိလာတာေၾကာင့္ ျပည္တြင္းမွာ ဒီေရာဂါကာကြယ္ေရးအတြက္ အရွိန္ျမွင့္လိုက္နာေဆာင္ရြက္ေနၾကတာပါ။ လာမယ့္ ရာသီတုပ္ေကြးကာလအတြက္ ျမန္မာတျပည္လံုးမွာရွိတဲ့ က်န္းမာေရးဝန္ထမ္း ၁၁၀,၀၀၀ ေက်ာ္ကို အစုိးရအစီအမံနဲ႔ တုပ္ေကြးကာကြယ္ေဆး အခမဲ့ထုိးေပးဖုိ႔ကိုလည္း စီစဥ္ထားရွိၿပီးျဖစ္တယ္လု႔ိ သိရပါတယ္။

အခုလို က်န္းမာေရးဝန္ထမ္းေတြကအစ ရာသီတုပ္ေကြးကို ကာကြယ္ထားႏုိင္ရင္ လူနာေတြဆီ ကူးစက္လာႏုိင္တာ မရွိေတာ့ဘူးလို႔ ေဒါက္တာေစာဝင္းက ေျပာပါတယ္။

“ဒီထက္ပိုအေရးႀကီးတာက သူတုိ႔ဆီကိုလာတဲ့ လူနာေတြက နဂုိကတည္းကေရာဂါအခံေပါ့ေနာ္။ ဆီးခ်ဳိ၊ ေသြးတုိး၊ ႏွလံုး စသျဖင့္ ဒီလိုလူနာမ်ိဳးေတြနဲ႔ သူတုိ႔က ထိေတြ႕ရင္ သူတုိ႔ဆီကမွတဆင့္ ရာသီတုပ္ေကြးပိုး ကူးသြားလို႔ရွိရင္ အဲဒီလူနာေတြက အသက္ဆံုးရႈံးႏုိင္ပါတယ္။ အဲေတာ့က်ေနာ္တို႔က ဒီက်န္းမာေရးဝန္ထမ္းေတြကုိ ထုိးေပးထားျခင္းအားျဖင့္ က်န္တဲ့သူတုိ႔ၾကည့္ရႈမယ့္ လူနာေတြအတြက္လည္း ရာသီတုပ္ေကြးေၾကာင့္ အႏၱရာယ္မျဖစ္ေအာင္ ကာကြယ္ၿပီးသား ျဖစ္ႏိုင္ပါတယ္။ အဲဒီရည္ရြယ္ခ်က္နဲ႔ က်ေနာ္တို႔ လုပ္ေပးထားပါတယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ ၁၀ နာရီသတင္းထုတ္ျပန္ၿပီးခ်ိန္အထိဆို ကိုဗစ္ဓာတ္ခြဲ အတည္ျပဳလူနာေပါင္း ၁၂၇ ဦးအထိ ရွိထားၿပီး အဲဒီထဲက ၅ ဦးေသဆံုးခဲ့ၿပီး၊ ေရာဂါသက္သာလို႔ ေဆးရံုကဆင္းခြင့္ရသူ ၉ ဦး ရွိထားပါတယ္။

ကုိဗစ္ေရာဂါကို ထိန္းခ်ဳပ္ကာကြယ္ရာမွာ က်န္းမာေရးတာဝန္ရွိသူေတြနဲ႔အတူ အာဏာပုိင္ေတြပူးေပါင္းေဆာင္ရြက္ေနၾကသလို ဒီေရာဂါကို တုိက္ထုတ္ႏုိင္ဖုိ႔အတြက္ ခ်မွတ္ထားတဲ့အခ်က္ေတြကို ျပည္သူေတြ လုိက္နာဖုိ႔က အဓိကက်တယ္လုိ႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏုိင္စုိးက တုိက္တြန္းထားပါတယ္။

“တဦးနဲ႔ တဦးခပ္ခြာခြာ ေနထုိင္မယ္။ အျပင္ထြက္တဲ့အခါ လက္ကို မၾကာခဏေဆးမယ္၊ ႏွာေခါင္းစည္းတပ္ဆင္မယ္ေပါ့ေနာ္။ ႏွာေခ် ေခ်ာင္းဆုိးတဲ့အခါ လုပ္ေဆာင္ရမယ့္အရာေတြေပါ့ေနာ္ ဒါေတြကုိေဆာင္ရြက္မယ္။ ေနမေကာင္းျဖစ္ရင္လည္း အျပင္မထြက္ဘူးေပါ့ေနာ္။ အဲလိုပဲ အသက္အရြယ္ႀကီးတဲ့သူေတြကလည္း တတ္ႏုိင္သမွ်အျပင္မထြက္ဘူး။ က်ေတာ္တို႔ထုတ္ျပန္ထားတဲ့အခ်က္ ၁၀ ခ်က္ရွိပါတယ္။ အဲဒီထဲက ပါတဲ့ဟာေတြကို အားလံုးကကုိယ္စီလုိက္နာၾကမယ္ဆုိရင္ေတာ့ ျဖစ္ပြားကူးစက္မႈႏႈန္းေတြက ေလွ်ာ့နည္းက်ဆင္းၿပီးေတာ့ က်ေတာ္တုိ႔ ေျခႏုိင္လက္ႏိုင္နဲ႔ အားလံုးအတူတကြ ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏုိင္မွာျဖစ္ပါတယ္။”

ျပည္တြင္းမွာ ပထမဆံုး ကုိဗစ္လူနာဓာတ္ခြဲ အတည္ျပဳႏုိင္ခဲ့တာ တလျပည့္တဲ့ ဒီကေန႔ ဧၿပီလ ၂၃ရက္ေန႔ မနက္ပိုင္းအခ်ိန္ထိ ကုိဗစ္လူနာေပါင္း ၁၁၃ဦးကို သက္ဆုိင္ရာေဆးရံုေတြမွာ အသီးသီးထားရွိၿပီး ကုသမႈေပးေနတယ္လို႔ သိရပါတယ္။

ဒီကေန႔စာရင္းေတြအရ ကမာၻ႕ႏုိင္ငံနဲ႔နယ္ေျမေပါင္း ၂၁၀ မွာ လူေပါင္း ၂၆ သိန္းေက်ာ္ကို ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆံုးသူ ၁၈၅,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေရာဂါသက္သာလာသူ အေရအတြက္ဟာလည္း ၇၂၉,၀၀၀ ေက်ာ္အထိ ရွိထားၿပီျဖစ္ပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------------
[Unicode Version]

COVID-19 ရင်ဆိုင်နေရချိန် တုပ်ကွေးအန္တရာယ်ပါ သတိထားဖို့ နှိုးဆော်

ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ကာကွယ်နေရချိန်မှာပဲ မကြာခင်မှာ တုပ်ကွေးရာသီရောက်လာတော့မှာဖြစ်လို့ ကျန်းမာရေးတွေ ပိုပြီး ဂရုစိုက်ကြဖို့ ကျန်းမာရေးပညာရှင်တွေကသတိပေးနေတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တိုးလာနေတာကြောင့် ဒီရောဂါကိုကာကွယ်နိုင်ဖို့အတွက် ဆောင်ရန်ရှောင်ရန်နည်းလမ်းတွေကို လိုက်နာနေရတဲ့အချိန်မှာပဲ မိုးတွင်းကာလအစမှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကိုလည်း အခုကတည်းက ကြိုတင်ကာကွယ်ထားဖို့လိုတယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုး စီမံချက် ကျန်းမာရေးအကြံပေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာစောဝင်းက သတိပေးထားပါတယ်။

ဒေါက်တာစောဝင်း။ အခုချိန်မှာတော့ ကိုဗစ်ကတော်တော်လေး ထိန်းသိမ်းမှုရသွားရင် ရာသီတုပ်ကွေးကတော့ သူ့ပုံစံနဲ့သူ ဖြစ်နိုင်တယ်ပေါ့နော်။ ဒီလိုတော့ ခန့်မှန်းရပါတယ်။

စုစု။ ဟုတ်ကဲ့ပါ ဆရာကြီး။ အဲဒီတော့ ဒီကိုဗစ်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာသလိုမျိုးပဲ။ တချိန်တည်းမှာပဲ လူကြီးရော ကလေးရော ဒီရာသီတုပ်ကွေးအတွက်ကိုလည်း ဂရုစိုက်ဖို့လိုတယ်ဆိုတဲ့အချိန်ကို ရောက်နေတာပေါ့နော်။

ဒေါက်တာစောဝင်း။ ဟုတ်ပါတယ်။ ကိုဗစ်လိုပဲ Mask တပ်တာတို့၊ ချောင်းဆိုးရင် တစ်ရှူးနဲ့ကာပြီးတော့ဆိုးတာ၊ တံတောင်ဆစ်ကွေးနဲ့ ကာပြီးဆိုးတာတွေက ထိရောက်ပါတယ်။

ရာသီတုပ်ကွေးကူးစက်မှုက အခုဖြစ်နေတဲ့ ကိုဗစ်ရောဂါကူးစက်တာနဲ့ ဆင်တူတာကြောင့် ကိုဗစ်ကာကွယ်တဲ့ နည်းစနစ်တွေက ရာသီတုပ်ကွေးအတွက်လည်း အသုံးဝင်နေပါတယ်။ ရာသီတုပ်ကွေးကာကွယ်ဆေးကို တနှစ်တခါ ထိုးပေးလို့ရပြီး အခုနှစ်အတွက်ဆို မေလကစပြီး ကာကွယ်ဆေးထိုးလို့ရနေပြီလို့ ဒေါက်တာစောဝင်းက ပြောပါတယ်။

“ရာသီတုပ်ကွေးကတော့ တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။ အဲတော့ချောင်းဆိုးမယ်၊ နှာစေးမယ်ပေါ့နော်။ ပြီးရင် ကိုယ်လက်တွေ ကိုက်ခဲမယ်ဆိုတော့ ကိုဗစ်နဲ့ နည်းနည်းလက္ခဏာတူတယ်ပေါ့။ ဒါပေမဲ့ ကိုဗစ်ကတော့ ချောင်းခြောက်ဆိုးတာ များတယ်၊ ချောင်းအစို ဆိုးတာနည်းတယ်။ ဒါကတော့ မိုးရာသီအချိန်မှာ ကျောင်းတွေ ဖွင့်တဲ့အချိန်လောက်မှ အဖြစ်များတယ်။ ကလေးလည်းဖြစ်နိုင်တယ်၊ လူကြီးလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲတော့ ဒါနဲ့လည်း သွားပြီးတော့ရောသွားနိုင်တယ်။”

ပြီးခဲ့တဲ့နှစ် ၂၀၁၉ ရာသီတုပ်ကွေးကာလတုန်းက ပြည်တွင်းမှာ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၁၁၈ ဦးအထိ ရှိခဲ့ပါတယ်။ တုပ်ကွေး ကာကွယ်ဆေးကို အသက်ကြီးသူနဲ့ ရောဂါအခံရှိသူတွေအနေနဲ့ အဓိကထားပြီး ထိုးထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။

လူနာတွေကို ထိတွေ့ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိလာတာကြောင့် ပြည်တွင်းမှာ ဒီရောဂါကာကွယ်ရေးအတွက် အရှိန်မြှင့်လိုက်နာဆောင်ရွက်နေကြတာပါ။ လာမယ့် ရာသီတုပ်ကွေးကာလအတွက် မြန်မာတပြည်လုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၁၁၀,၀၀၀ ကျော်ကို အစိုးရအစီအမံနဲ့ တုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးပေးဖို့ကိုလည်း စီစဉ်ထားရှိပြီးဖြစ်တယ်လု့ိ သိရပါတယ်။

အခုလို ကျန်းမာရေးဝန်ထမ်းတွေကအစ ရာသီတုပ်ကွေးကို ကာကွယ်ထားနိုင်ရင် လူနာတွေဆီ ကူးစက်လာနိုင်တာ မရှိတော့ဘူးလို့ ဒေါက်တာစောဝင်းက ပြောပါတယ်။

“ဒီထက်ပိုအရေးကြီးတာက သူတို့ဆီကိုလာတဲ့ လူနာတွေက နဂိုကတည်းကရောဂါအခံပေါ့နော်။ ဆီးချို၊ သွေးတိုး၊ နှလုံး စသဖြင့် ဒီလိုလူနာမျိုးတွေနဲ့ သူတို့က ထိတွေ့ရင် သူတို့ဆီကမှတဆင့် ရာသီတုပ်ကွေးပိုး ကူးသွားလို့ရှိရင် အဲဒီလူနာတွေက အသက်ဆုံးရှုံးနိုင်ပါတယ်။ အဲတော့ကျနော်တို့က ဒီကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးထားခြင်းအားဖြင့် ကျန်တဲ့သူတို့ကြည့်ရှုမယ့် လူနာတွေအတွက်လည်း ရာသီတုပ်ကွေးကြောင့် အန္တရာယ်မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်နိုင်ပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်ပေးထားပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ၁၀ နာရီသတင်းထုတ်ပြန်ပြီးချိန်အထိဆို ကိုဗစ်ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၁၂၇ ဦးအထိ ရှိထားပြီး အဲဒီထဲက ၅ ဦးသေဆုံးခဲ့ပြီး၊ ရောဂါသက်သာလို့ ဆေးရုံကဆင်းခွင့်ရသူ ၉ ဦး ရှိထားပါတယ်။

ကိုဗစ်ရောဂါကို ထိန်းချုပ်ကာကွယ်ရာမှာ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့အတူ အာဏာပိုင်တွေပူးပေါင်းဆောင်ရွက်နေကြသလို ဒီရောဂါကို တိုက်ထုတ်နိုင်ဖို့အတွက် ချမှတ်ထားတဲ့အချက်တွေကို ပြည်သူတွေ လိုက်နာဖို့က အဓိကကျတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက တိုက်တွန်းထားပါတယ်။

“တဦးနဲ့ တဦးခပ်ခွာခွာ နေထိုင်မယ်။ အပြင်ထွက်တဲ့အခါ လက်ကို မကြာခဏဆေးမယ်၊ နှာခေါင်းစည်းတပ်ဆင်မယ်ပေါ့နော်။ နှာချေ ချောင်းဆိုးတဲ့အခါ လုပ်ဆောင်ရမယ့်အရာတွေပေါ့နော် ဒါတွေကိုဆောင်ရွက်မယ်။ နေမကောင်းဖြစ်ရင်လည်း အပြင်မထွက်ဘူးပေါ့နော်။ အဲလိုပဲ အသက်အရွယ်ကြီးတဲ့သူတွေကလည်း တတ်နိုင်သမျှအပြင်မထွက်ဘူး။ ကျတော်တို့ထုတ်ပြန်ထားတဲ့အချက် ၁၀ ချက်ရှိပါတယ်။ အဲဒီထဲက ပါတဲ့ဟာတွေကို အားလုံးကကိုယ်စီလိုက်နာကြမယ်ဆိုရင်တော့ ဖြစ်ပွားကူးစက်မှုနှုန်းတွေက လျှော့နည်းကျဆင်းပြီးတော့ ကျတော်တို့ ခြေနိုင်လက်နိုင်နဲ့ အားလုံးအတူတကွ အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။”

ပြည်တွင်းမှာ ပထမဆုံး ကိုဗစ်လူနာဓာတ်ခွဲ အတည်ပြုနိုင်ခဲ့တာ တလပြည့်တဲ့ ဒီကနေ့ ဧပြီလ ၂၃ရက်နေ့ မနက်ပိုင်းအချိန်ထိ ကိုဗစ်လူနာပေါင်း ၁၁၃ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ အသီးသီးထားရှိပြီး ကုသမှုပေးနေတယ်လို့ သိရပါတယ်။

ဒီကနေ့စာရင်းတွေအရ ကမ္ဘာ့နိုင်ငံနဲ့နယ်မြေပေါင်း ၂၁၀ မှာ လူပေါင်း ၂၆ သိန်းကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၁၈၅,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၇၂၉,၀၀၀ ကျော်အထိ ရှိထားပြီဖြစ်ပါတယ်။

Comments