COVID-19 ေၾကာင့္ ကန္ မွာ ျမန္မာႏြယ္ဖြား အနည္းဆုံး တဒါဇင္ခန္႔ ေသဆုံး


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုက ျပည္နယ္တခ်ိဳ႕မွာ COVID-19 ေရာဂါ ကူးစက္မႈေၾကာင့္ ေသဆုံးခဲ့တဲ့ ျမန္မာ အေမရိကန္ အနည္းဆုံး တဒါဇင္ေက်ာ္ မကရွိေနၿပီး သူတို႔႐ုပ္အေလာင္းေတြကို ျပန္ေတြ႕ခြင့္ မရတဲ့ အတြက္ ေၾကကြဲဝမ္းနည္းဖြယ္ျဖစ္ရပ္ေတြ ႀကဳံေတြ႕ေနရတဲ့ မိသားစုဝင္ေတြ၊ နီးစပ္သူ မိတ္ေဆြေတြကို ဗြီအိုေအက ေမးျမန္းခြင့္ရခဲ့ပါတယ္။မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။

ကိုဗစ္ေရာဂါကူးစက္မႈ အဆိုးဆံုးနဲ႔ ဗဟိုအခ်က္ျဖစ္တဲ့ နယူးေရာက္ၿမိဳ႕မွာ ျမန္မာ အေမရိကန္ေတြ ေသဆံုးမႈႏႈန္း အျခားျပည္နယ္ေတြနဲ႔ ယွဥ္ရင္ အမ်ားဆံုးရွိေနပါတယ္။ ဧၿပီ လလယ္ေနာက္ပိုင္း တေန႕ကို တေယာက္ႏႈန္းနီးပါးေသဆံုးေနေၾကာင္း နယူးေရာက္ က ျမန္မာအေမရိကန္ လူမႈေရးအဖဲြ႕ တာ၀န္ရွိသူက ဗီြအိုေအကို ေျပာပါတယ္။

ဧၿပီလ (၇)ရက္ေန႔က ကိုဗစ္ေၾကာင့္ေသဆံုးသြားတဲ့ အသက္ ၅၂ ႏွစ္အရြယ္ ဦးတင္ေအာင္မိုး ရုပ္အေလာင္းကို မိသားစု ျပန္ေတြ႕ခြင့္မရတဲ့အျပင္ မီးသၿဂိဳလ္ဖို႔ ခြင့္ျပဳထားေပမယ့္ ရက္ေပါင္း ၁၅ ရက္ၾကာလာတဲ့တိုင္ ရုပ္အေလာင္း ဘယ္မွာရွိေနသလဲဆိုတာ မသိရေၾကာင္း ညီမျဖစ္သူ နယူးေရာက္ အထက္ျပည္နယ္ Orange Regional Medical စင္တာက အေထြေထြအထူးကု သမားေတာ္ ေဒါက္တာ စံပယ္ျဖဴက ဗီြအိုေအကိုေျပာပါတယ္။

"သူဆံုးတဲ့ေန႕တေန႕ထဲမွာ နယူးေရာက္ျပည္နယ္တခုလံုး ကိုဗစ္ေၾကာင့္ ေသဆံုးသူေပါင္း ၇၃၁ ေယာက္ဆံုးတယ္ ဆိုတဲ့ ေန႔ပါ။ ေနာက္ပိုင္း တရက္ႏွစ္ရက္မွာ ေသဆံုးတဲ့ႏႈန္းက ပိုမ်ားတယ္။ ဒါေပမယ့္ စ်ာပနာလုပ္ေပးတဲ့ေနရာက လက္ခံတယ္။ ေတာ္ေသးတယ္။ သူတို႔အိမ္နဲ႔ အနီးဆံုးေပါ့။ ဒါေပမဲ့ အရင္လို တိုက္ရိုက္ စ်ာပနာ အခမ္းအနားကို ၀န္ေဆာင္မႈေပးတာမ်ဳိး မရွိဘူး။ အဲေတာ့ မီးသၿဂၤ ိဳလ္မယ္ေပါ့။ စာရြက္စာတမ္းေတြ ပို႔ေပးပါဆိုေတာ့ အသြားအျပန္ တပတ္ေလာက္ၾကာတယ္။ ဒီၾကားထဲမွာ ရက္လည္အတြက္ျမန္မာျပည္ကရယ္ ၊ ဒီကရယ္ ေမာင္ႏွမသားခ်င္း၊ ေဆြမ်ဳိးေတြ အြန္လိုင္းကပဲ ဘုန္းႀကီးကို ဆြမ္းကပ္ရတယ္။ အြန္လိုင္းကပဲ တရားနာရတယ္။ အခုထက္ထိ သူ body က ေဆးရံုမွာလား၊ အေအးခန္းရွိတဲ့ ထရပ္ကားထဲမွာလား၊ ေမာ္က်ဴလီထဲမွာလား၊ ဘယ္မွာရွိမွန္း မသိဘူး။"

ကိုလိုရာဒိုျပည္နယ္ Fort Morgan ၿမိဳ႕ အမဲသား စက္ရံုမွာ လုပ္တဲ့ ျမန္မာအမ်ဳိးသမီး ေဒၚေအးေအးျမင့္ ဆိုရင္ လည္း COVID-19 ကူးစက္ခံရၿပီး သူ႔စက္ရံုမွာ ပထမဆံုးေသဆံုးတဲ့ လူနာျဖစ္ပါတယ္။ အမ်ားက မအိလို႕ ေခၚၾကတဲ့ ေဒၚေအးေအးျမင့္ဟာ ကြယ္လြန္သြားၿပီျဖစ္တဲ့ စာေရးဆရာေမာင္သာရနဲ႔ သားတေယာက္ ရခဲ့ၿပီးဧၿပီလ ၁၁ ရက္ ေသဆံုးခ်ိန္မွာေတာ့ သားျဖစ္သူက အျခားျပည္နယ္မွာ တာ၀န္နဲ႕ေရာက္ရွိေနတယ္လို႔ အရင္းႏွီးဆံုးမိတ္ေဆြ Greeley ၿမိဳ႕မွာ ေနတဲ့ ကိုေဆြကို ကေျပာပါတယ္။

"က်ေနာ္တို႔လည္း ဗုဒၶဘာသာဆိုေတာ့ ဘုန္းႀကီးေက်ာင္းက်ေတာ့ က်ေနာ္တို႔ ေနတဲ့ ၿမိဳ႕မွာ မရွိဘူးဗ်။ ကိုလိုရာဒို ျပည္နယ္ၿမိဳ႔ေတာ္ ဒန္ဗာမွာပဲရွိတာ။ အခုအခ်ိန္ကလည္း အျပင္ထြက္လို႔ သြားလို႔လာလို႔ မေကာင္းတဲ့ အခ်ိန္ဆိုေတာ့ ဒန္ဗာမွာရွိတဲ့ က်ေနာ္တို႔ရဲေဘာ္ေတြကိုလွမ္းၿပီး ခ်ိတ္ရတာေပါ့။ လူ႕ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီက ကိုဦးဆိုတာ ရွိတယ္။ သူ႔ကို က်ေနာ္တို႔ အကူအညီေတာင္းၿပီး သက္ေပ်ာက္ဆြမ္း အရင္ကပ္တယ္။ သူက ဆြမ္းသြားပို႔ေပးတယ္။ ေနာက္ ၀တၳဳေငြ သြားကပ္ေပးတယ္။ ၿပီးေတာ့ ဆရာေတာ္နဲ႔ အြန္လိုင္းကေန က်ေနာ္တို႔ကို ခ်ိတ္ၿပီး မအိ အတြက္ သက္ေပ်ာက္ဆြမ္းကပ္ ေရစက္ခ်၊ အမွ်အတမ္းေ၀ပါတယ္။ "

ေဒၚေအးေအးျမင့္ရဲ႕ ရုပ္အေလာင္းကို ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ သားျဖစ္သူ လက္ထဲ ေရာက္ရွိ သြားၿပီျဖစ္တယ္လို႔လည္း ကိုေဆြကိုက ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူေတြရဲ႕ ရုပ္အေလာင္း ေတြနဲ႕ ပတ္သက္လို႔ အခက္အခဲအႀကီးအက်ယ္ရင္ဆိုင္ေနရတဲ့ အေျခအေနကိုနယူးေယာက္ၿမိဳ႕က ျမန္မာအေမရိကန္ ေစတနာရွင္ တသီးပုဂၢလိကေတြစုစည္းထားတဲ့ ျမန္မာအမ်ိဳးသား လူမႈေရးရန္ပုံေငြအဖြဲ႕ (National Humanitarian Fundraising for Myanmar - NHFMM) တာဝန္ခံ ကိုမိုးခ်မ္းက အခုလိုေျပာျပပါတယ္။

"အခုက အခက္အခဲကြာျခားမႈေတြက တေနရာနဲ႕တေနရာ နဲနဲဆီရွိတယ္။ တခ်ဳိ႕ေဆးရံုေတြက လူနာ ကိုဗစ္ေၾကာင့္ ဆံုးသြားၿပီဆိုရင္ တခ်ဳိ႕မိသားစုေတြကို ေခၚၿပီးျပတယ္လို႔ ေျပာတယ္။ ေနာက္ဆံုးအေနနဲ႔ ႏႈတ္ဆက္တဲ့ အေနနဲ႔ အျပင္ကေန ၾကည့္။ ၿပီးရင္ ျပန္။ အဲဒီလို ေခၚျပတယ္လို႔ ၾကားတယ္။ တခ်ဳိ႕ေဆးရံုေတြၾကေတာ့ အဲဒီလို မ်ဳိး လံုး၀လက္မခံဘူးလို႔ ေျပာတယ္။ အဲဒီလို လက္မခံတဲ့ဟာက အမ်ားစုျဖစ္ေနတယ္။ အခုပဲ ၀ိုင္းၿပီးကူေပးေနရတဲ့ ကိစၥမွာဆိုရင္ လူနာကို ဆရာ၀န္က ကုခ်ိန္ေတာင္ မရလိုက္ဘူးလား၊ ဘာျဖစ္လို႕လဲေတာ့ မေျပာတတ္ဘူး။ လူနာ ေဆးရံုေရာက္သြားတဲ့အခ်ိန္ ကေန႕လည္ေရာက္သြားၿပီး တနာရီေက်ာ္အခ်ိန္အတြင္းမွာပဲ လူနာက ဆံုးသြားတယ္တဲ့။ ဆရာ၀န္ေတြဘက္ကလည္း အေသးစိတ္ ေျဖရွင္းဖို႔ေတာင္ အခ်ိန္မေပးႏိုင္ဘူး။ ဘာေၾကာင့္ ဘယ္လိုျဖစ္ၿပီး ေသသြားတာလည္းဆိုတာလည္း မိသားစု၀င္ေတြ မယ္မယ္ရရ မသိရဘူး။"

လက္ရွိနယူးေရာက္ျပည္နယ္မွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ လူနာအသစ္အေရအတြက္ သိသိသာသာ က်ဆင္းလာေပမယ့္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆံုးတဲ့အေရအတြက္ ၄၇၀ ေက်ာ္ရွိပါတယ္။ ဧၿပီလ ပထမ၊ ဒုတိယအပတ္ေတြနဲ႔ ယွဥ္ရင္ ေသဆံုးမႈႏႈန္း က်ဆင္းလာတယ္လို႔ ေျပာႏိုင္ၿပီး လက္ရွိ နယူးေရာက္ျပည္နယ္မွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူေပါင္း ၁၅၀၀၀ ေက်ာ္ရွိေနပါတယ္။ အေမရိကန္ျပည္ေထာင္စု တ၀ွမ္းလံုးမွာေတာ့ ကူးစက္ခံရသူေပါင္း ၈၅, ၁ ၂၃၃ (ရွစ္သိန္း ငါးေသာင္းေက်ာ္) ရွိၿပီး၊ ျပန္လည္ေကာင္းမြန္လာသူေပါင္း ၇၇, ၁၈၆ (ခုႏွစ္ေသာင္း ခုႏွစ္ေထာင္ေက်ာ္) ရွိပါတယ္။ ေသဆံုးသူေပါင္းကေတာ့ ၄၇,၆၆၀ ( ေလးေသာင္းခုႏွစ္ေထာင္ ေက်ာ္)ရွိပါတယ္။

အင္ၾကင္းႏုုိင္ / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------

COVID-19 ကြောင့် ကန် မှာ မြန်မာနွယ်ဖွား အနည်းဆုံး တဒါဇင်ခန့် သေဆုံး

(Unicode)

အမေရိကန်ပြည်ထောင်စုက ပြည်နယ်တချို့မှာ COVID-19 ရောဂါ ကူးစက်မှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာ အမေရိကန် အနည်းဆုံး တဒါဇင်ကျော် မကရှိနေပြီး သူတို့ရုပ်အလောင်းတွေကို ပြန်တွေ့ခွင့် မရတဲ့ အတွက် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်တွေ ကြုံတွေ့နေရတဲ့ မိသားစုဝင်တွေ၊ နီးစပ်သူ မိတ်ဆွေတွေကို ဗွီအိုအေက မေးမြန်းခွင့်ရခဲ့ပါတယ်။မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ကိုဗစ်ရောဂါကူးစက်မှု အဆိုးဆုံးနဲ့ ဗဟိုအချက်ဖြစ်တဲ့ နယူးရောက်မြို့မှာ မြန်မာ အမေရိကန်တွေ သေဆုံးမှုနှုန်း အခြားပြည်နယ်တွေနဲ့ ယှဉ်ရင် အများဆုံးရှိနေပါတယ်။ ဧပြီ လလယ်နောက်ပိုင်း တနေ့ကို တယောက်နှုန်းနီးပါးသေဆုံးနေကြောင်း နယူးရောက် က မြန်မာအမေရိကန် လူမှုရေးအဖွဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

ဧပြီလ (၇)ရက်နေ့က ကိုဗစ်ကြောင့်သေဆုံးသွားတဲ့ အသက် ၅၂ နှစ်အရွယ် ဦးတင်အောင်မိုး ရုပ်အလောင်းကို မိသားစု ပြန်တွေ့ခွင့်မရတဲ့အပြင် မီးသဂြိုလ်ဖို့ ခွင့်ပြုထားပေမယ့် ရက်ပေါင်း ၁၅ ရက်ကြာလာတဲ့တိုင် ရုပ်အလောင်း ဘယ်မှာရှိနေသလဲဆိုတာ မသိရကြောင်း ညီမဖြစ်သူ နယူးရောက် အထက်ပြည်နယ် Orange Regional Medical စင်တာက အထွေထွေအထူးကု သမားတော် ဒေါက်တာ စံပယ်ဖြူက ဗွီအိုအေကိုပြောပါတယ်။

"သူဆုံးတဲ့နေ့တနေ့ထဲမှာ နယူးရောက်ပြည်နယ်တခုလုံး ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၇၃၁ ယောက်ဆုံးတယ် ဆိုတဲ့ နေ့ပါ။ နောက်ပိုင်း တရက်နှစ်ရက်မှာ သေဆုံးတဲ့နှုန်းက ပိုများတယ်။ ဒါပေမယ့် ဈာပနာလုပ်ပေးတဲ့နေရာက လက်ခံတယ်။ တော်သေးတယ်။ သူတို့အိမ်နဲ့ အနီးဆုံးပေါ့။ ဒါပေမဲ့ အရင်လို တိုက်ရိုက် ဈာပနာ အခမ်းအနားကို ဝန်ဆောင်မှုပေးတာမျိုး မရှိဘူး။ အဲတော့ မီးသင်္ဂြ ိုလ်မယ်ပေါ့။ စာရွက်စာတမ်းတွေ ပို့ပေးပါဆိုတော့ အသွားအပြန် တပတ်လောက်ကြာတယ်။ ဒီကြားထဲမှာ ရက်လည်အတွက်မြန်မာပြည်ကရယ် ၊ ဒီကရယ် မောင်နှမသားချင်း၊ ဆွေမျိုးတွေ အွန်လိုင်းကပဲ ဘုန်းကြီးကို ဆွမ်းကပ်ရတယ်။ အွန်လိုင်းကပဲ တရားနာရတယ်။ အခုထက်ထိ သူ body က ဆေးရုံမှာလား၊ အအေးခန်းရှိတဲ့ ထရပ်ကားထဲမှာလား၊ မော်ကျူလီထဲမှာလား၊ ဘယ်မှာရှိမှန်း မသိဘူး။"

ကိုလိုရာဒိုပြည်နယ် Fort Morgan မြို့ အမဲသား စက်ရုံမှာ လုပ်တဲ့ မြန်မာအမျိုးသမီး ဒေါ်အေးအေးမြင့် ဆိုရင် လည်း COVID-19 ကူးစက်ခံရပြီး သူ့စက်ရုံမှာ ပထမဆုံးသေဆုံးတဲ့ လူနာဖြစ်ပါတယ်။ အများက မအိလို့ ခေါ်ကြတဲ့ ဒေါ်အေးအေးမြင့်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာမောင်သာရနဲ့ သားတယောက် ရခဲ့ပြီးဧပြီလ ၁၁ ရက် သေဆုံးချိန်မှာတော့ သားဖြစ်သူက အခြားပြည်နယ်မှာ တာဝန်နဲ့ရောက်ရှိနေတယ်လို့ အရင်းနှီးဆုံးမိတ်ဆွေ Greeley မြို့မှာ နေတဲ့ ကိုဆွေကို ကပြောပါတယ်။

"ကျနော်တို့လည်း ဗုဒ္ဓဘာသာဆိုတော့ ဘုန်းကြီးကျောင်းကျတော့ ကျနော်တို့ နေတဲ့ မြို့မှာ မရှိဘူးဗျ။ ကိုလိုရာဒို ပြည်နယ်မြို့တော် ဒန်ဗာမှာပဲရှိတာ။ အခုအချိန်ကလည်း အပြင်ထွက်လို့ သွားလို့လာလို့ မကောင်းတဲ့ အချိန်ဆိုတော့ ဒန်ဗာမှာရှိတဲ့ ကျနော်တို့ရဲဘော်တွေကိုလှမ်းပြီး ချိတ်ရတာပေါ့။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ကိုဦးဆိုတာ ရှိတယ်။ သူ့ကို ကျနော်တို့ အကူအညီတောင်းပြီး သက်ပျောက်ဆွမ်း အရင်ကပ်တယ်။ သူက ဆွမ်းသွားပို့ပေးတယ်။ နောက် ဝတ္ထုငွေ သွားကပ်ပေးတယ်။ ပြီးတော့ ဆရာတော်နဲ့ အွန်လိုင်းကနေ ကျနော်တို့ကို ချိတ်ပြီး မအိ အတွက် သက်ပျောက်ဆွမ်းကပ် ရေစက်ချ၊ အမျှအတမ်းဝေပါတယ်။ "

ဒေါ်အေးအေးမြင့်ရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သားဖြစ်သူ လက်ထဲ ရောက်ရှိ သွားပြီဖြစ်တယ်လို့လည်း ကိုဆွေကိုက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်း တွေနဲ့ ပတ်သက်လို့ အခက်အခဲအကြီးအကျယ်ရင်ဆိုင်နေရတဲ့ အခြေအနေကိုနယူးယောက်မြို့က မြန်မာအမေရိကန် စေတနာရှင် တသီးပုဂ္ဂလိကတွေစုစည်းထားတဲ့ မြန်မာအမျိုးသား လူမှုရေးရန်ပုံငွေအဖွဲ့ (National Humanitarian Fundraising for Myanmar - NHFMM) တာဝန်ခံ ကိုမိုးချမ်းက အခုလိုပြောပြပါတယ်။

"အခုက အခက်အခဲကွာခြားမှုတွေက တနေရာနဲ့တနေရာ နဲနဲဆီရှိတယ်။ တချို့ဆေးရုံတွေက လူနာ ကိုဗစ်ကြောင့် ဆုံးသွားပြီဆိုရင် တချို့မိသားစုတွေကို ခေါ်ပြီးပြတယ်လို့ ပြောတယ်။ နောက်ဆုံးအနေနဲ့ နှုတ်ဆက်တဲ့ အနေနဲ့ အပြင်ကနေ ကြည့်။ ပြီးရင် ပြန်။ အဲဒီလို ခေါ်ပြတယ်လို့ ကြားတယ်။ တချို့ဆေးရုံတွေကြတော့ အဲဒီလို မျိုး လုံးဝလက်မခံဘူးလို့ ပြောတယ်။ အဲဒီလို လက်မခံတဲ့ဟာက အများစုဖြစ်နေတယ်။ အခုပဲ ဝိုင်းပြီးကူပေးနေရတဲ့ ကိစ္စမှာဆိုရင် လူနာကို ဆရာဝန်က ကုချိန်တောင် မရလိုက်ဘူးလား၊ ဘာဖြစ်လို့လဲတော့ မပြောတတ်ဘူး။ လူနာ ဆေးရုံရောက်သွားတဲ့အချိန် ကနေ့လည်ရောက်သွားပြီး တနာရီကျော်အချိန်အတွင်းမှာပဲ လူနာက ဆုံးသွားတယ်တဲ့။ ဆရာဝန်တွေဘက်ကလည်း အသေးစိတ် ဖြေရှင်းဖို့တောင် အချိန်မပေးနိုင်ဘူး။ ဘာကြောင့် ဘယ်လိုဖြစ်ပြီး သေသွားတာလည်းဆိုတာလည်း မိသားစုဝင်တွေ မယ်မယ်ရရ မသိရဘူး။"

လက်ရှိနယူးရောက်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာအသစ်အရေအတွက် သိသိသာသာ ကျဆင်းလာပေမယ့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးတဲ့အရေအတွက် ၄၇၀ ကျော်ရှိပါတယ်။ ဧပြီလ ပထမ၊ ဒုတိယအပတ်တွေနဲ့ ယှဉ်ရင် သေဆုံးမှုနှုန်း ကျဆင်းလာတယ်လို့ ပြောနိုင်ပြီး လက်ရှိ နယူးရောက်ပြည်နယ်မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၀၀၀ ကျော်ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု တဝှမ်းလုံးမှာတော့ ကူးစက်ခံရသူပေါင်း ၈၅, ၁ ၂၃၃ (ရှစ်သိန်း ငါးသောင်းကျော်) ရှိပြီး၊ ပြန်လည်ကောင်းမွန်လာသူပေါင်း ၇၇, ၁၈၆ (ခုနှစ်သောင်း ခုနှစ်ထောင်ကျော်) ရှိပါတယ်။ သေဆုံးသူပေါင်းကတော့ ၄၇,၆၆၀ ( လေးသောင်းခုနှစ်ထောင် ကျော်)ရှိပါတယ်။

Comments