ချင်းပြည်နယ် COVID-19 ကာကွယ် ကုသရေးအတွက် ပံ့ပိုးပေးမယ့်အလှူရှင် နေမဝင်ခင်မှာ ပေါ်ထွက်လာပြီ


COVID-19 ကူးစက် ခံထားရသူ အတည်ပြု စာရင်းအရ ကလေးမြို့နယ် တိုင်းရင်း ဆေးရုံကြီးတွင် (၆)ဦး၊ တီးတိန်မြို့နယ် ပြည်သူ့ ဆေးရုံတွင် (၅)ဦးတို့ကို အနီးကပ် ကြပ်မတ် ကုသပေးလျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများ၊ တာဝန်ခံများနှင့် ဆွေးနွေးတိုင်ပင်၍ ၎င်းတို့အတွက် လိုအပ်လျက် ရှိသော ငွေကျပ် သိန်း(၃၀၀) တန်ဖိုးရှိ ကာကွယ် ကုသရေး ပစ္စည်းများကို ဧပြီလ (၂၃)ရက်နေ့နှင့် (၂၄)နေ့တို့တွင် အရောက်ပို့ဆောင် လှူဒါန်းခဲ့တယ်လို့ ဖောင်ဒေးရှင်းဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ စုစုပေါင်းလှူဒါန်းမှုက အမေရိကန်ဒေါ်လာ တစ်သန်းရှိတယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇော်ဇော်ဟာ ဝေဘာဂီဆေးရုံကြီးနဲ့ ရန်ကင်းကလေးဆေးရုံအတွက် ဆေးဝါးအထောက်အကူပစ္စည်းတွေ၊ ဆေးရုံသုံးပစ္စည်းတွေ၊ အကာအကွယ်ပစ္စည်းတွေ အပါအဝင် ငွေကျပ် သိန်း(၁၀၀၀)တန်ဖိုးရှိတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာတွေ ပံ့ပိုးပေးပြီး အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူအားလုံးအတွက် အစားအသောက်တွေ လှူဒါန်းပေးခဲ့ပါတယ်။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေအပါအဝင် COVID-19 ရောဂါကို ရင်ဆိုင်တွန်းလှန်ရာမှာ ပါဝင်နေသူအားလုံးကို နေရာထိုင်ခင်းတွေ စီစဉ်ပေးခဲ့ပါတယ်။

Zawgyi


COVID-19 ကူးစက္ ခံထားရသူ အတည္ျပဳ စာရင္းအရ ကေလးၿမိဳ႕နယ္ တိုင္းရင္း ေဆး႐ုံႀကီးတြင္ (၆)ဦး၊ တီးတိန္ၿမိဳ႕နယ္ ျပည္သူ႔ ေဆး႐ုံတြင္ (၅)ဦးတို႔ကို အနီးကပ္ ၾကပ္မတ္ ကုသေပးလ်က္ရွိရာ ဧရာဝတီေဖာင္ေဒးရွင္း အေနျဖင့္ သက္ဆိုင္ရာ ေဆး႐ုံအုပ္ႀကီးမ်ား၊ တာဝန္ခံမ်ားႏွင့္ ေဆြးေႏြးတိုင္ပင္၍ ၎တို႔အတြက္ လိုအပ္လ်က္ ရွိေသာ ေငြက်ပ္ သိန္း(၃၀၀) တန္ဖိုးရွိ ကာကြယ္ ကုသေရး ပစၥည္းမ်ားကို ဧၿပီလ (၂၃)ရက္ေန႔ႏွင့္ (၂၄)ေန႔တို႔တြင္ အေရာက္ပို႔ေဆာင္ လႉဒါန္းခဲ့တယ္လို႔ ေဖာင္ေဒးရွင္းေဖ့ဘြတ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။


ျမန္မာႏိုင္ငံမွာ COVID-19 ထိန္းခ်ဳပ္၊ ကာကြယ္၊ ကုသေရးအတြက္ ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္ရဲ႕ စုစုေပါင္းလႉဒါန္းမႈက အေမရိကန္ေဒၚလာ တစ္သန္းရွိတယ္လို႔ အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။ ဧရာဝတီေဖာင္ေဒးရွင္းရဲ႕ ဥကၠ႒ျဖစ္တဲ့ ဦးေဇာ္ေဇာ္ဟာ ေဝဘာဂီေဆး႐ုံႀကီးနဲ႔ ရန္ကင္းကေလးေဆး႐ုံအတြက္ ေဆးဝါးအေထာက္အကူပစၥည္းေတြ၊ ေဆး႐ုံသုံးပစၥည္းေတြ၊ အကာအကြယ္ပစၥည္းေတြ အပါအဝင္ ေငြက်ပ္ သိန္း(၁၀၀၀)တန္ဖိုးရွိတဲ့ ေဆးဘက္ဆိုင္ရာ အေထာက္အကူပစၥည္းေတြ ေပးအပ္လႉဒါန္းခဲ့ပါတယ္။


ဒါ့အျပင္ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေရးစင္တာေတြ ပံ့ပိုးေပးၿပီး အသြားအလာ ကန႔္သတ္ေစာင့္ၾကပ္ၾကည့္ရႈမႈ ခံယူေနသူအားလုံးအတြက္ အစားအေသာက္ေတြ လႉဒါန္းေပးခဲ့ပါတယ္။ ေရွ႕တန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြအပါအဝင္ COVID-19 ေရာဂါကို ရင္ဆိုင္တြန္းလွန္ရာမွာ ပါဝင္ေနသူအားလုံးကို ေနရာထိုင္ခင္းေတြ စီစဥ္ေပးခဲ့ပါတယ္။

Comments