ဧပြီလအတွက် ထီစာအုပ်ထုတ်ပေးတာနောက်ကျလို့ ထီရောင်းချသူတွေမှာ ရာနှုန်းပြည့်နီးပါး အရှုံးပေါ်နေ


Unicode

အနည်းဆုံး(၆၀)%အထက်မှာ အရှုံးပေါ်နေပါတယ်။ဧပြီလမှာ ရောင်းချရမယ့်ထီအုပ်လက်ကျန်တွေကို အောင်ဘာလေသိန်းဆုဌာနမှ ထီကိုယ်စားလှယ်တွေထံ (၂၁)ရက်နေ့မှ ထုတ်ပေးခဲ့သလို ထီဖွင့်ရက်ကိုလည်း ပုံမှန်အတိုင်းသတ်မှတ်လိုက်တာကြောင့် ထီရောင်းသူတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။လစဉ်လတိုင်းမှာ ရောင်းချရမယ့် ထီလက်မှတ်တွေကို လတစ်လရဲ့ ပထမအပတ်မှာ အကုန်ထုတ်ပေးလေ့ရှိပြီး ဒီလမှာတော့ ဧပြီ(၇)ရက်နေ့က တစ်ဖြတ်ထုတ်ရပြီး ဧပြီလ(၂၁)ရက်နေ့မှ အကုန်ထုတ်ပေးခဲ့တာကြောင့် ထီဖွင့်ရက်ကို နောက်ဆုတ်ပေးမယ်ထင်ခဲ့တယ်လို့ ထီရောင်းချသူ တစ်ဦးမှပြောပါတယ်။


“ ကျွန်တော်တို့က အခုချိန်မှတော့ကြိုးစားပြီးရောင်းနေရတာကလွဲလို့ မတက်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထီကိုယ်စားလှယ်အားလုံးက အရှုံးနဲ့ပဲ လုပ်နေရတာ။အနည်း အများကွာတာပဲရှိမယ်။ ဒီလက ထီစာအုပ်တွေကိုနောက်ဆုံးအသုတ်က ဧပြီလ(၂၁)ရက်နေ့မှာ မဖြစ်မနေလာထုတ်ရမယ်ဆိုတော့ ကျွန်တော်တို့ကလည်း ဒါဆို တောင်းဆိုထားသလို ထီဖွင့်ရက်ရွှေ့ပေးမယ်ထင်ခဲ့တာ။(၂၁)ရက်နေ့ ထီလက်မှတ်တွေအကုန်ထုတ်ပြီးမှ နိုင်ငံတော်က ပုံမှန်အတိုင်းပဲ ထီဖွင့်ရက်ကို ကြေညာတော့ရိုက်ချလိုက်သလိုပေါ့ဗျာ။ အခုချိန်ထိ (၂၁)ရက်နေ့က သွားထုတ်ထားတဲ့ ထီအထုပ်လိုက်ကြီးရှိပါသေးတယ်” လို့ မိထ္ထီလာမြို့မှာ ထီကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုနေမျိုးဇော်က ပြောပါတယ်။


မြန်မာနိုင်ငံမှာ COVID19 ရောဂါစတင်တွေ့ရှိခဲ့တဲ့ မတ်လကတည်းက စလို့ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက် လူသွားလူလာ နည်းပါးသွားတဲ့အတွက် ထီရောင်းချတွေမှာလည်း အရောင်းနည်းပါးခဲ့ကြပါတယ်။


ဧပြီလ(၁)ရက်နေ့က ထွက်ရှိတဲ့ (၁၄)ကြိမ်မြောက်ထီဖွင့်ပွဲမှာ ထီးကိုယ်စားလှယ်တွေအနေနဲ့ (၃၀)%အထက် အရှုံးပေါ်ခဲ့ကြသလို (၁၅)ကြိမ်ေမြောက် ထီဖွင့်ပွဲမှာတော့ အနည်းဆုံး (၆၀)%အထက်နဲ့ အများဆုံး ရာနှှုန်းပြည့် အရှုံးပေါ်နိုင်တယ်လို့ ကိုနေမျိုးဇော်ကပြောပါတယ်။

Zawgyi


အနည္းဆုံး(၆၀)%အထက္မွာ အရႈံးေပၚေနပါတယ္။ဧၿပီလမွာ ေရာင္းခ်ရမယ့္ထီအုပ္လက္က်န္ေတြကို ေအာင္ဘာေလသိန္းဆုဌာနမွ ထီကိုယ္စားလွယ္ေတြထံ (၂၁)ရက္ေန႔မွ ထုတ္ေပးခဲ့သလို ထီဖြင့္ရက္ကိုလည္း ပုံမွန္အတိုင္းသတ္မွတ္လိုက္တာေၾကာင့္ ထီေရာင္းသူေတြမွာ အရႈံးေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။လစဥ္လတိုင္းမွာ ေရာင္းခ်ရမယ့္ ထီလက္မွတ္ေတြကို လတစ္လရဲ႕ ပထမအပတ္မွာ အကုန္ထုတ္ေပးေလ့ရွိၿပီး ဒီလမွာေတာ့ ဧၿပီ(၇)ရက္ေန႔က တစ္ျဖတ္ထုတ္ရၿပီး ဧၿပီလ(၂၁)ရက္ေန႔မွ အကုန္ထုတ္ေပးခဲ့တာေၾကာင့္ ထီဖြင့္ရက္ကို ေနာက္ဆုတ္ေပးမယ္ထင္ခဲ့တယ္လို႔ ထီေရာင္းခ်သူ တစ္ဦးမွေျပာပါတယ္။


“ ကြၽန္ေတာ္တို႔က အခုခ်ိန္မွေတာ့ႀကိဳးစားၿပီးေရာင္းေနရတာကလြဲလို႔ မတက္ႏိုင္ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ထီကိုယ္စားလွယ္အားလုံးက အရႈံးနဲ႔ပဲ လုပ္ေနရတာ။အနည္း အမ်ားကြာတာပဲရွိမယ္။ ဒီလက ထီစာအုပ္ေတြကိုေနာက္ဆုံးအသုတ္က ဧၿပီလ(၂၁)ရက္ေန႔မွာ မျဖစ္မေနလာထုတ္ရမယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ကလည္း ဒါဆို ေတာင္းဆိုထားသလို ထီဖြင့္ရက္ေ႐ႊ႕ေပးမယ္ထင္ခဲ့တာ။(၂၁)ရက္ေန႔ ထီလက္မွတ္ေတြအကုန္ထုတ္ၿပီးမွ ႏိုင္ငံေတာ္က ပုံမွန္အတိုင္းပဲ ထီဖြင့္ရက္ကို ေၾကညာေတာ့႐ိုက္ခ်လိုက္သလိုေပါ့ဗ်ာ။ အခုခ်ိန္ထိ (၂၁)ရက္ေန႔က သြားထုတ္ထားတဲ့ ထီအထုပ္လိုက္ႀကီးရွိပါေသးတယ္” လို႔ မိထၳီလာၿမိဳ႕မွာ ထီကိုယ္စားလွယ္တစ္ဦးျဖစ္သူ ကိုေနမ်ိဳးေဇာ္က ေျပာပါတယ္။


ျမန္မာႏိုင္ငံမွာ COVID19 ေရာဂါစတင္ေတြ႕ရွိခဲ့တဲ့ မတ္လကတည္းက စလို႔ သက္ဆိုင္ရာတိုင္းနဲ႔ျပည္နယ္အလိုက္ လူသြားလူလာ နည္းပါးသြားတဲ့အတြက္ ထီေရာင္းခ်ေတြမွာလည္း အေရာင္းနည္းပါးခဲ့ၾကပါတယ္။


ဧၿပီလ(၁)ရက္ေန႔က ထြက္ရွိတဲ့ (၁၄)ႀကိမ္ေျမာက္ထီဖြင့္ပြဲမွာ ထီးကိုယ္စားလွယ္ေတြအေနနဲ႔ (၃၀)%အထက္ အရႈံးေပၚခဲ့ၾကသလို (၁၅)ႀကိမ္ေေျမာက္ ထီဖြင့္ပြဲမွာေတာ့ အနည္းဆုံး (၆၀)%အထက္နဲ႔ အမ်ားဆုံး ရာႏွႈန္းျပည့္ အရႈံးေပၚႏိုင္တယ္လို႔ ကိုေနမ်ိဳးေဇာ္ကေျပာပါတယ္။

ဓူ၀ံ

Comments