လူတိုင္းမလုပ္ႏိုင္တဲ့ လုပ္အားဒါနအလႉေတြလုပ္ေပးေနတဲ့ ခ်စ္သုေဝအတြက္ ခ်ီးက်ဴးဂုဏ္ယူေၾကာင္းေျပာလာတဲ့ ခိုင္သင္းၾကည္ …

သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္က ဒီကေန႔ ဧၿပီလ (၂၄) ရက္ေန႔မွာ သူမတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ မဂၤလာႏွစ္ပတ္လည္ အထိမ္းအမွတ္အျဖစ္ ခ်စ္သုေဝရဲ႕ ေခတ္သစ္ေဖာင္ေဒးရွင္းမွာ ေငြက်ပ္ (၂၁)သိန္းေက်ာ္ တန္ဖိုးရွိ ေဆးဝါးဆိုင္ရာ အသုံးအေဆာင္ပစၥည္းေတြ လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္က ေခတ္သစ္ေဖာင္ေဒးရွင္းမွာ အလႉပစၥည္းေတြ သြားေရာက္ေပးအပ္ရင္း အလုပ္ေတြ ႀကိဳးစားေနတဲ့ ခ်စ္သုေဝကိုေတြ႕ၿပီး အခုလိုပဲ ခ်ီးက်ဴးစကားေလး ေျပာထားပါတယ္။
“Covid 19 ကာလမွာအၿမဲတမ္း လိုအပ္တဲ့ေနရာေတြကို ခ်က္ခ်င္းပို႔ေဆာင္လႉဒါန္းေပးေနတဲ့အတြက္ သာဓုပါ။ အစ္မတို႔မလုပ္ႏိုင္တဲ့ လုပ္အားဒါနအလႉေတြအတြက္ ဂုဏ္ယူပါတယ္ ညီမေရ” ဆိုၿပီး ခ်စ္ရတဲ့ ညီမေလး ခ်စ္သုေဝအတြက္ ဝမ္းသာဂုဏ္ယူေနေၾကာင္း ေျပာထားတာပဲ ျဖစ္ပါတယ္။
ခိုင္သင္းၾကည္ ခ်ီးက်ဴးသလိုပဲ ခ်စ္သုေဝက သူ႔ကိုယ္သူ မင္းသမီးအဆိုေတာ္တစ္ေယာက္ဆိုတာကို ေမ့ထားၿပီး ျပည္သူေတြနဲ႔ တသားတည္း အလုပ္ေတြႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ခ်စ္သုေဝလည္း ခိုင္သင္းၾကည္ရဲ႕ အားေပးခ်ီးက်ဴးစကားေၾကာင့္ ဝမ္းသာပီတိျဖစ္ေနမယ္လို႔ ထင္ပါတယ္။
Source: Khine Thin Kyi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
လူတိုင်းမလုပ်နိုင်တဲ့ လုပ်အားဒါနအလှူတွေလုပ်ပေးနေတဲ့ ချစ်သုဝေအတွက် ချီးကျူးဂုဏ်ယူကြောင်းပြောလာတဲ့ ခိုင်သင်းကြည် …
သရုပ်ဆောင် ခိုင်သင်းကြည်က ဒီကနေ့ ဧပြီလ (၂၄) ရက်နေ့မှာ သူမတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းမှာ ငွေကျပ် (၂၁)သိန်းကျော် တန်ဖိုးရှိ ဆေးဝါးဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က ခေတ်သစ်ဖောင်ဒေးရှင်းမှာ အလှူပစ္စည်းတွေ သွားရောက်ပေးအပ်ရင်း အလုပ်တွေ ကြိုးစားနေတဲ့ ချစ်သုဝေကိုတွေ့ပြီး အခုလိုပဲ ချီးကျူးစကားလေး ပြောထားပါတယ်။
“Covid 19 ကာလမှာအမြဲတမ်း လိုအပ်တဲ့နေရာတွေကို ချက်ချင်းပို့ဆောင်လှူဒါန်းပေးနေတဲ့အတွက် သာဓုပါ။ အစ်မတို့မလုပ်နိုင်တဲ့ လုပ်အားဒါနအလှူတွေအတွက် ဂုဏ်ယူပါတယ် ညီမရေ” ဆိုပြီး ချစ်ရတဲ့ ညီမလေး ချစ်သုဝေအတွက် ဝမ်းသာဂုဏ်ယူနေကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည် ချီးကျူးသလိုပဲ ချစ်သုဝေက သူ့ကိုယ်သူ မင်းသမီးအဆိုတော်တစ်ယောက်ဆိုတာကို မေ့ထားပြီး ပြည်သူတွေနဲ့ တသားတည်း အလုပ်တွေကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေလည်း ခိုင်သင်းကြည်ရဲ့ အားပေးချီးကျူးစကားကြောင့် ဝမ်းသာပီတိဖြစ်နေမယ်လို့ ထင်ပါတယ်။

Comments