ကပ္ေရာဂါေၾကာင့္ ေတာင္ဒဂုံၿမိဳ႕နယ္က စားဝတ္ေနေရးခက္ခဲတဲ့ အိမ္ေထာင္စုေပါင္း ၂၄၀၀ ကို ေထာက္ပံ့လႉဒါန္းဖို႔ ျပင္ဆင္ေနတဲ့ ခိုင္ႏွင္းေဝ …

သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကေတာ့ အမ်ားအက်ိဳးအတြက္ဆို စြမ္းစြမ္းတမံ ကူညီေဆာင္႐ြက္ေပးေနတဲ့ ပရဟိတမင္းသမီးေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက လက္ရွိျဖစ္ပြားေနတဲ့ Covid – 19 ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးလုပ္ငန္းစဥ္မ်ားအတြက္ သူမကိုယ္တိုင္ စိတ္ေရာလူပါ ကူညီေဆာင္႐ြက္ေပးေနတာပဲ ျဖစ္ပါတယ္။ ဒီေန႔မွာလည္း ခိုင္ႏွင္းေဝက သူမရဲ႕ အလႉေလးတစ္ခုကို ပရိသတ္ေတြပါဝင္ႏိုင္ေအာင္ အခုလိုပဲ ေျပာထားပါတယ္။
” ေတာင္ဒဂုံၿမိဳ႕နယ္ မွာရွိတဲ့ အေျခခံ ဆင္းရဲႏြမ္းပါးၿပီး စားဝတ္ေနေရးခက္ခဲေနတဲ့ ျပည္သူမ်ားအား တစ္ရပ္ကြက္လွ်င္ အိမ္ေျခ ၁၀၀ ႏႈန္းျဖင့္ ရပ္ကြက္ေပါင္း၂၄ ရပ္ကြက္အိမ္ေျခ ၂၄၀၀ အား ဆန္၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးေျခာက္၊ ေခါက္ဆြဲေျခာက္၊ ၾကက္သြန္နီ၊ ေျမပဲ ႏွင့္ မီးဖိုေခ်ာင္သုံး ကုန္ေျခာက္ပစၥည္းမ်ားအား က်မတို႔ အဖြဲ႕မွ လႉဒါန္းသြားမည္ျဖစ္ပါတယ္ရွင္။က်မလႉေသာ အလႉတိုင္းသည္ ေစတနာရွင္ ၇ ရက္သားသမီးမ်ားႏွင့္ပူေပါင္းလႉေသာအလႉမ်ားျဖစ္တဲ့အတြက္ ကုသိုလ္ယူခ်င္သူမ်ား ပါဝင္လႉတန္းႏိုင္ပါတယ္ရွင္။” ဆိုၿပီး ေျပာလာပါတယ္။
ခိုင္ႏွင္းေဝကေတာ့ လူတကာ အိမ္ထဲမွာ သက္ေတာင့္သက္သာေနႏိုင္ဖို႔အတြက္ သူမကိုယ္တိုင္ နားရက္မရွိ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝတစ္ေယာက္ ဒီထက္မက လႉႏိုင္တန္းႏိုင္ၿပီး ေအာင္ျမင္မႈေတြ ရရွိပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Source:Khine Hnin Wai ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
ကပ်ရောဂါကြောင့် တောင်ဒဂုံမြို့နယ်က စားဝတ်နေရေးခက်ခဲတဲ့ အိမ်ထောင်စုပေါင်း ၂၄၀၀ ကို ထောက်ပံ့လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ ခိုင်နှင်းဝေ …
သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အများအကျိုးအတွက်ဆို စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် သူမကိုယ်တိုင် စိတ်ရောလူပါ ကူညီဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက သူမရဲ့ အလှူလေးတစ်ခုကို ပရိသတ်တွေပါဝင်နိုင်အောင် အခုလိုပဲ ပြောထားပါတယ်။
” တောင်ဒဂုံမြို့နယ် မှာရှိတဲ့ အခြေခံ ဆင်းရဲနွမ်းပါးပြီး စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများအား တစ်ရပ်ကွက်လျှင် အိမ်ခြေ ၁၀၀ နှုန်းဖြင့် ရပ်ကွက်ပေါင်း၂၄ ရပ်ကွက်အိမ်ခြေ ၂၄၀၀ အား ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ မြေပဲ နှင့် မီးဖိုချောင်သုံး ကုန်ခြောက်ပစ္စည်းများအား ကျမတို့ အဖွဲ့မှ လှူဒါန်းသွားမည်ဖြစ်ပါတယ်ရှင်။ကျမလှူသော အလှူတိုင်းသည် စေတနာရှင် ၇ ရက်သားသမီးများနှင့်ပူပေါင်းလှူသောအလှူများဖြစ်တဲ့အတွက် ကုသိုလ်ယူချင်သူများ ပါဝင်လှူတန်းနိုင်ပါတယ်ရှင်။” ဆိုပြီး ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ လူတကာ အိမ်ထဲမှာ သက်တောင့်သက်သာနေနိုင်ဖို့အတွက် သူမကိုယ်တိုင် နားရက်မရှိ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက် ဒီထက်မက လှူနိုင်တန်းနိုင်ပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Comments