
Source: Nann Thuzar’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်
အချိန် (၁၅)နှစ်ကြာသွားသည့်တိုင် လုံးဝမပြောင်းလဲပဲ နုနယ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ နန်းသူဇာ …
ချစ်စရာကောင်းတဲ့ မော်ဒယ်နဲ့ အဆိုတော်တစ်ဦးဖြစ်သူ နန်းသူဇာက ယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကိုသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကိုပါ ခံရသူလေး ဖြစ်ပါတယ်။ နန်းသူဇာက အနုပညာလောကမှာ နေရာတစ်နေရာ ရရှိထားပြီး အောင်မြင်မှု ရရှိနေသူလေးဆိုလည်း မမှားပါဘူး။ နန်းသူဇာက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေရင်း အဆိုတော် ကျော်ထွဋ်ဆွေနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေပါ တွဲဖက်လုပ်ကိုင်နေလျက် ရှိပါတယ်။
ဒီနေ့မှာတော့ နန်းသူဇာက သူမရဲ့ အလယ်တန်းကျောင်းသူဘဝက ပုံရိပ်လေးတစ်ပုံကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ထိုပုံလေးက နန်းသူဇာ (၆) တန်းအရွယ်ကလို့ သိရပြီး နှစ်တွေအတော်ကြာသွားပြီး နန်းသူဇာ အခု အသက် (၂၉) နှစ်တိုင် ပြောင်းလဲသွားခြင်းမရှိတာကို တွေ့မြင်ရပါတယ်။

နန်းသူဇာကတော့ ရှေးဘဝက ကုသိုလ်ကံကြောင့် ဘယ်အရွယ်ရောက်ရောက် မပြောင်းလဲတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အံ့သြလောက်စရာကောင်းတဲ့ နန်းသူဇာရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အားကျနေလောက်ပြီ ထင်ပါတယ်နော်။

Comments