အင်းလေးကန်အတွင်း စံချိန်တင်ရေခမ်းခြောက်မှုကြောင့် သွားလာရခက်ခဲနေ


Unicode

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ (၁၀)နှစ်အတွင်း စံချိန်တင်ရေခမ်းခြောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အင်းလေးကန်အတွင်းက ကျေးရွာတွေအချင်းချင်း သွားလာရခက်ခဲနေတယ်လို့ ဒေသခံ တွေကပြောပါတယ်။ အခုလိုရေခမ်းခြောက်တာမျိုးကို လွန်ခဲ့တဲ့(၁၀)နှစ်ကတစ်ကြိမ်ကြုံဖူးပြီး ဒီတစ်ကြိမ်လောက် တော့မဆိုးဘူးလို့ အင်းလေးဒေသ၊ လင်းကင်းကျေးရွာက ကိုအယ်ဇင်ကို ကဆိုပါတယ်။ နွေရာသီဆိုရင် ပုံမှန် ရေခမ်းခြောက်တတ်ပေမယ့် ဒီနှစ်ကတော့ ပုံမှန်ထက်ပိုနေပြီး (၂၀၁၀)ရေခမ်းချိန်ကထက်တောင်ပိုဆိုးနေတယ်လို့ ဆိုပါတယ်။ 

အခုလို အင်းလေးကန် ရေနည်းပါးတာက အင်းလေးကန်ရေပြင်အတွင်း ရေခန်းခြောက်သွားတာမျိုးမဟုတ်ဘဲ ရေကန်နံဘေးက ကမ်းစပ်နေရာတွေက ကျေးရွာတွေမှာ ရေခမ်းခြောက်သွားတာလို့ ညောင်ရွှေမြို့နယ် ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးကပြောပါတယ်။ အင်းလေးဒေသမှာ လွန်ခဲ့တဲ့(၂၀၁၀)ခုနှစ်ကတစ်ကြိမ်ရေခမ်းခြောက်ပြီးနောက်ပိုင်း မိုးရာသီတွေမှာ မိုးရေချိန်နည်းသွားတဲ့အတွက် ရေခမ်းခြောက်မှုဟာ (၂)နှစ် တစ်ကြိမ်လောက် ကြုံတွေ့နေတယ်လို့ဆိုပါတယ်။ ဖောင်တောင်ဦးဘုရားနဲ့ ကျေးရွာ တချို့မှာ ရေခမ်းခြောက်တဲ့ အခြေအနေကို လောလောဆယ်သွားလာဖို့ အဆင်ပြေအောင် စက်ယန္တရားတွေ အသုံးပြုပြီး ပြန်တူးပေးဖို့ဆောင်ရွက်နေတယ်လို့ ဦးကျော်ကျော်ဦးကပြောပါတယ်။

နှစ်စဉ်နွေရာသီရောက်တိုင်း အင်းလေးကန်အတွင်း ရေနည်းသွားတာက မိုးရာသီမှာအင်းလေးကန်အတွင်းစီးဝင်တဲ့ ချောင်းတွေမှာမိုးရေရရှိမှုနည်းခဲ့သလို သစ်ပင်ခုတ်တာများတဲ့အတွက် ကန်အတွင်းရေစီးဝင်မှုမှာ နုန်းပို့ချမှု များ လာတာကြောင့်လို့ဆိုပါတယ်။ ဒါ့အပြင် အင်းလေးကန် ရေဝေရေလဲဒေသအတွင်းက တောင်သူတွေရဲ့ ရွှေ့ပြောင်း တောင်ယာတွေနဲ့ ရေသွင်းစိုက်တဲ့သီးနှံတွေကြောင့်လည်း အင်းလေးကန်အတွင်းကို အဓိကစီးဝင်တဲ့ ချောင်း (၂၉)ချောင်းရှိတဲ့အနက် အဓိက ချောင်းကြီး(၄)ချောင်းဖြစ်တဲ့ နမ့်ကတ်ချောင်း၊ ရေပယ်ချောင်း၊ သန်းထောင် ချောင်း၊ အင်းတိန်ချောင်းတွေမှာ ရေမရှိတာဖြစ်တယ်လို့ဆိုပါတယ်။


အင်းလေးကန်ရေခမ်းခြောက်မှုကြောင့် သွားလာရေးခက်ခဲမှုတွေကို ကျေးရွာတွေနဲ့ညှိနှိုင်းပြီး သွားလာလို့ရအောင် ဌာနအနေနဲ့ ရေလမ်းတူးဖော်တာကလည်း လောလောဆယ် အဆင်ပြေအောင်သာ ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ပြီး အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ရေတိုရေရှည်စီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် နေတယ်လို့လည်း ညောင်ရွှေမြို့နယ် ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး ကပြောပါတယ်။ 

Zawgyi

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးေဒသမွာ (၁၀)ႏွစ္အတြင္း စံခ်ိန္တင္ေရခမ္းေျခာက္မႈေတြ ျဖစ္ေပၚေနတာေၾကာင့္ အင္းေလးကန္အတြင္းက ေက်း႐ြာေတြအခ်င္းခ်င္း သြားလာရခက္ခဲေနတယ္လို႔ ေဒသခံ ေတြကေျပာပါတယ္။ အခုလိုေရခမ္းေျခာက္တာမ်ိဳးကို လြန္ခဲ့တဲ့(၁၀)ႏွစ္ကတစ္ႀကိမ္ႀကဳံဖူးၿပီး ဒီတစ္ႀကိမ္ေလာက္ ေတာ့မဆိုးဘူးလို႔ အင္းေလးေဒသ၊ လင္းကင္းေက်း႐ြာက ကိုအယ္ဇင္ကို ကဆိုပါတယ္။ ေႏြရာသီဆိုရင္ ပုံမွန္ ေရခမ္းေျခာက္တတ္ေပမယ့္ ဒီႏွစ္ကေတာ့ ပုံမွန္ထက္ပိုေနၿပီး (၂၀၁၀)ေရခမ္းခ်ိန္ကထက္ေတာင္ပိုဆိုးေနတယ္လို႔ ဆိုပါတယ္။ 


အခုလို အင္းေလးကန္ ေရနည္းပါးတာက အင္းေလးကန္ေရျပင္အတြင္း ေရခန္းေျခာက္သြားတာမ်ိဳးမဟုတ္ဘဲ ေရကန္နံေဘးက ကမ္းစပ္ေနရာေတြက ေက်း႐ြာေတြမွာ ေရခမ္းေျခာက္သြားတာလို႔ ေညာင္ေ႐ႊၿမိဳ႕နယ္ ဆည္ေျမာင္းဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္ဦးကေျပာပါတယ္။ အင္းေလးေဒသမွာ လြန္ခဲ့တဲ့(၂၀၁၀)ခုႏွစ္ကတစ္ႀကိမ္ေရခမ္းေျခာက္ၿပီးေနာက္ပိုင္း မိုးရာသီေတြမွာ မိုးေရခ်ိန္နည္းသြားတဲ့အတြက္ ေရခမ္းေျခာက္မႈဟာ (၂)ႏွစ္ တစ္ႀကိမ္ေလာက္ ႀကဳံေတြ႕ေနတယ္လို႔ဆိုပါတယ္။ ေဖာင္ေတာင္ဦးဘုရားနဲ႔ ေက်း႐ြာ တခ်ိဳ႕မွာ ေရခမ္းေျခာက္တဲ့ အေျခအေနကို ေလာေလာဆယ္သြားလာဖို႔ အဆင္ေျပေအာင္ စက္ယႏၲရားေတြ အသုံးျပဳၿပီး ျပန္တူးေပးဖို႔ေဆာင္႐ြက္ေနတယ္လို႔ ဦးေက်ာ္ေက်ာ္ဦးကေျပာပါတယ္။


ႏွစ္စဥ္ေႏြရာသီေရာက္တိုင္း အင္းေလးကန္အတြင္း ေရနည္းသြားတာက မိုးရာသီမွာအင္းေလးကန္အတြင္းစီးဝင္တဲ့ ေခ်ာင္းေတြမွာမိုးေရရရွိမႈနည္းခဲ့သလို သစ္ပင္ခုတ္တာမ်ားတဲ့အတြက္ ကန္အတြင္းေရစီးဝင္မႈမွာ ႏုန္းပို႔ခ်မႈ မ်ား လာတာေၾကာင့္လို႔ဆိုပါတယ္။ ဒါ့အျပင္ အင္းေလးကန္ ေရေဝေရလဲေဒသအတြင္းက ေတာင္သူေတြရဲ႕ ေ႐ႊ႕ေျပာင္း ေတာင္ယာေတြနဲ႔ ေရသြင္းစိုက္တဲ့သီးႏွံေတြေၾကာင့္လည္း အင္းေလးကန္အတြင္းကို အဓိကစီးဝင္တဲ့ ေခ်ာင္း (၂၉)ေခ်ာင္းရွိတဲ့အနက္ အဓိက ေခ်ာင္းႀကီး(၄)ေခ်ာင္းျဖစ္တဲ့ နမ့္ကတ္ေခ်ာင္း၊ ေရပယ္ေခ်ာင္း၊ သန္းေထာင္ ေခ်ာင္း၊ အင္းတိန္ေခ်ာင္းေတြမွာ ေရမရွိတာျဖစ္တယ္လို႔ဆိုပါတယ္။


အင္းေလးကန္ေရခမ္းေျခာက္မႈေၾကာင့္ သြားလာေရးခက္ခဲမႈေတြကို ေက်း႐ြာေတြနဲ႔ညႇိႏႈိင္းၿပီး သြားလာလို႔ရေအာင္ ဌာနအေနနဲ႔ ေရလမ္းတူးေဖာ္တာကလည္း ေလာေလာဆယ္ အဆင္ေျပေအာင္သာ ေဆာင္႐ြက္တဲ့လုပ္ငန္းျဖစ္ၿပီး အင္းေလးကန္ေရရွည္တည္တံ့ေရးအတြက္ ေရတိုေရရွည္စီမံကိန္းေတြ ေရးဆြဲအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ေနတယ္လို႔လည္း ေညာင္ေ႐ႊၿမိဳ႕နယ္ ဆည္ေျမာင္းဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္ဦး ကေျပာပါတယ္။ 

Comments