


Source: Kyaw Thu’s Facebook
Sakura(Cele Connections)
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဇနီးမောင်နှံတို့ရဲ့ ကျင့်ဝတ်နဲ့ ဘဝကို ဖြတ်သန်းရတဲ့ သင်ခန်းစာတွေကို ကိုယ်တွေ့နဲ့ ရင်းပြီး ပြောပြလာတဲ့ ကျော်သူ …
ရုပ်ရှင်မင်းသားကြီး ကျော်သူကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး အများချစ်ခင်လေးစားရတဲ့ မင်းသားကြီးတစ်လက်လို့ ဆိုရမှာပါ..။ အများအကျိုးအတွက်ကို သယ်ပိုးကာ နာရေးကူညီမှုအသင်းကိုလည်း တည်ထောင်ရင်း ကိုယ်တိုင် လုပ်အားနဲ့ဦးဆောင်လုပ်ကိုင်နေတဲ့သူလည်း ဖြစ်ပါသေးတယ်.။
သူ့ဘဝမှာ ဖြတ်သန်းခဲ့တဲ့ ဘဝသင်ခန်းစာတွေကို နောက်မျိုးဆက်သစ် အနုပညာလူငယ်များအတွက် သင်ခန်းစာယူနိုင်အောင် မျှဝေပေးနေတဲ့သူပဲဖြစ်ပါတယ်.။ဒီနေ့ ဧပြီလ (၂၄)ရက်နေ့မှာတော့ ကျော်သူက “ဘဝ ဆိုတဲ့ သံသရာမီးတောက်ဝဲကို သစ္စာမေတ္တာအရင်းခံပြီး နားလည်ခွင့်လွှတ်မှုများနဲ့ ရှင်သန်နေဆဲမှာ လက်တွဲမဖြုတ် ဖြတ်သန်းကြရမှာဘဲ မျိုးဆက်သစ် အကြင်လင်မယားတို့…။” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ကျော်သူက သူတို့ရဲ့ အိမ်ထောင်ရေးမှာ သစ္စာမေတ္တာအရင်းခံပြီး နားလည်ခွင့်လွှန်မှုများနဲ့ လက်တွဲမဖြုတ်ဘဲ ဖြတ်သန်းခဲ့တဲ့အကြောင်းကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ကျော်သူတို့လင်မယားလို သစ္စာမေတ္တာတွေနဲ့ အရင်းခံပြီး ချစ်ခင်ပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်..။

Comments